simulink® သည် အင်ဂျင်နီယာဆိုင်ရာ ပြဿနာများ ကို graphic method ဖြင့် ဖြေရှင်းခြင်းဖြစ်သည်။ Graphical programming နည်းဖြင့် block diagram များ သုံးခြင်းကာ ဖြင့် ပြဿနာများကို ဖြေရှင်းနိုင်သည်။
MATLAB ၏ command window တွင်
>>simulink
ဟု ထည့်သွင်း၍ သုံးနိုင်သကဲ့သို့
MATLAB ၏ toolstrip မှတဆင့် ခေါ်ယူသုံးစွဲနိုင်သည်။ အောက်ပါ window တွင် SIMULINK icon ကို click လုပ်ခြင့်ဖြင့် လည်းဖွင့်နိုင်သေးသည်။

Old version များအတွက် SIMULINK ကိုအသုံးပြုရန်အတွက်
အောက်တွင် ဖော်ပြထားသော ပုံရှိ toolbar မှတဆင့် simulink icon ကို click လုပ်ခြင်းဖြင့် ဖွင့်နိုင်သည်။
အောက်ဖော်ပြပါ ပုံသည် old version simulink ၏ browser ပုံဖြစ်သည်။

MATLAB R2014a ၏ library browser ပုံဖြစ်သည်။

ထိုနောက် simulink block များကို ထည့်သွင်းရန်အတွက် window တစ်ခုကို ဖန်တီးပေးရမည်ဖြစ်သည်။ ၎င်း window ကို short cut အနေဖြင့် cntrl+n သို့မဟုတ် library browser ပေါ်ရှိ စာရွက်ပုံ ကို click လုပ်၍ လည်းဖွင့်နိုင်သည်။
Simulink သည် block များကိုသုံး၍ ဖြေရှင်းခြင်းဖြစ်သည်။ MATLAB နှင့်တွဲဖက်၍ အသုံးပြုနိုင်သည်။ အချိူ့သော simulation များကို Simulink နှင့်ဖြေရှင်းလျှင်ပိုမို လွယ်ကူသည်။ အချို့သော Control ပုစ္ဆာများအတွက်မူ symbolic များပါဝင်လာလိမ့်မည်ဖြစ်သည်။သို့သော် symbolic equation များအတွက် မူ MATLAB ကိုသုံး၍မရတော့ပေ။ ထိုသို့သော အခြေအနေမျိုးတွင် MuPAD ကိုသုံး၍ထပ်မံတွက်ချက်ပေးရမည်ဖြစ်သည်။ထို့ကြောင့် ဥပမာ simscape ကိုသုံး ရမည့်အချို့သော controlled ဆိုင်ရာ ပုစ္ဆာများ။
Posted from WordPress for Android
